hits spiritcorner: ဂျူး- ဝတ္ထုတိုများ

Saturday 27 January 2007

ဂျူး- ဝတ္ထုတိုများ

~

ကျွန်မ သိပ်ကိုလေးစားနှစ်သက် သဘောကျရတဲ့ စာရေးဆရာမ တယောက်ပါ၊ ဘယ်လောက်တောင် ကြိုက်သလဲဆိုရင် သူမရဲ့အတွေးတွေ၊ စိတ်ကူးတွေ၊ ထွက်တဲ့စာအုပ်တွေ အားလုံးကို အပိုင်သိမ်းထားချင်မိတဲ့ အထိပါပဲ။ အတွေးတွေ၊ စိတ်ကူးတွေကို အပိုင်သိမ်းဖို့မဖြစ်နိုင်တော့ ဖြစ်နိုင်တဲ့ စာအုပ်တွေကိုပဲ ဝယ်သိမ်း ထားရတာပေါ့၊ လိုချင်တဲ့စာအုပ်တော်တော်များများ ဝယ်လို့ရပေမဲ့ အခုထိမရသေးတာက “ကံကြမ္မာကို မယုံကြည်ကြသူများ “ ပါ၊ ebooks တွေမှာ ရှာရတာလည်းမောလှပါပြီ၊ အခုထိတော့ မတွေ့သေးပါဘူး၊

လောလောဆယ်တော့ ရှိနေတဲ့စာအုပ်အဟောင်းလေးတွေ ပြန်ဖတ်ရင်း၊ စက်ထဲမှာသိမ်းထားတဲ့ ဝတ္ထုတိုလေးတွေပြန်ကြည့်ရင်းပဲ ကျေနပ်လိုက်ပါတော့တယ်၊
အမှတ်တရ - စာစု
ပျောက်ဆုံးနေသော
ကမ္ဘာမြေရဲ့ချစ်သူ

2 comments:

Nay Nay Naing said...

ကံကြမ္မာကို မယုံကြည်ကြသူများ ကို ဒီရောက်မှာ တစ်ခါထပ် ငှါးဖတ်ဖြစ်တယ်။ လိုချင်လို့ လား။ ငှါးလို့ ရတာတော့ သေချာတယ်...၀ယ်လို့ ရနိုင် မရနိုင်ကတော့ မေးကြည့်လိုက်ဦးမယ်။

clef said...

အဲဒီစာအုပ်ကို အရမ်းကို ပြန်ဖတ်ချင်နေတာ။ psm ကလည်း သူပြန်ငှားဖတ်ပြီးပြီ ဆိုပြီး မနာလို တိုရှည်ဖြစ်အောင် လာပြောနေသေးတယ်။ အပိုင်ဝယ်ချင်တာ ဒီမှာ ဘယ်လိုမှ ရှာလို့မရလို့။