hits spiritcorner: အောင်မြင်သော ဘဝ

Monday 29 January 2007

အောင်မြင်သော ဘဝ

~

ခဏ ခဏ ရယ်ရယ်မောမော
ပညာရှိသူ၏ လေးစားခြင်းနှင့် ကလေးတို့၏ ချစ်ခြင်းကိုရသော

ရိုးသားသော ဝေဖန်သူ၏ နှစ်သက်ခြင်းကို သိမ်းပိုက်နိုင်၍
မိတ်ဆွေတုများ၏ သစ္စာမဲ့မှုကို ခံနိုင်သော

လူအများ၌ အကောင်းကိုမြင်တတ်၍
ကျန်းမာသော ကလေးတယောက်
ဥယျာဉ်တကွက်၊ လူမှူကယ်တင်ရေးတခုနှင့်
ကမ္ဘာကြီးကို အနည်းငယ်ပို
၍ သာတောင့်သာယာဖြစ်စေသော

သင်ရှိခြင်းကြောင့် အခြားဘဝတခု၊ ဆေးတအိုး၊
အသက်တရှူ
ပို၍လွယ်ကူစေသည်ဟု သိသော

ထိုသူ၏ဘဝသည်
အောင်မြင်သော ဘဝ ဖြစ်သည်။

4 comments:

Nay Nay Naing said...

ဒီိပိုစ့်လေးကြိုက်တယ်။ . ဒါနဲ့ .. ဒီနေ့  ဒီ Blog က setting တွေ ကြည့်ဖြစ်လိုက်တယ်.. နောက်ကြုံမှ ပြင်ဖို့ နေရာတွေ ပြောပြမယ်.. မတွေ့ တာကြာပြီနော်.. week end အွန်လိုင်းလာဖြစ်ရင် တွေ့ ရင် ခေါ်လိုက်ပါဦး။

clef said...

ဒီ post က ကိုယ့်ဘာသာကိုယ် remind လုပ်ထားတာပါ။လောကကြီးမှာ မိတ်ဆွေတုတွေရဲ့ သစ္စာဖောက်ခံရတဲ့အခါ ဘယ်လိုစိတ်မျိုးထားရင်ကောင်းမလဲလို့ စဉ်းစားနေတာ 1 နှစ်ကျော်သွားပြီ။ သူတို့လို ပြန် မယုတ်မာချင်တာလဲ သေချာတယ်။ လုံးဝကြီး မေ့လိုက်ပါဆိုတာလည်း အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ နောက်ဆုံးတော့ “ စိတ်ထားကောင်းရင် ကံကောင်းမယ်” ဆိုတဲ့ စကားလေးကိုပဲ အကြိမ်ကြိမ်ရွတ်ပြီး လုပ်နိုင်တာထက် အလုပ်ကို နှစ်ဆတိုးလုပ်ရင် အဆင်ပြေမယ်လို့ပဲ သဘောရပါတယ်။

sisain said...

“မိတ်ဆွေတုများ၏ သစ္စာမဲ့မှုကို ခံနိုင်သော” တဲ့လားဗျာ။
သိပ်ကောင်းတဲ့စာပိုဒ်လေးပါ။ အရမ်းပဲ ကျေးဇူးတင်ပါတယ်။

clef said...

ဟုတ်ပါတယ်ရှင်။ ပထမဆုံး ကြုံတွေ့ရတဲ့အခါမှာ အတော်ခံစားရခက်တဲ့ ကိစ္စပါ။
ဒါပေမဲ့ အဲဒါကို ကျော်ဖြတ်နိုင်ခဲ့ရင်၊ ကျော်ဖြတ်ရဲတဲ့ သတ္တိရှိရင် “ အောင်မြင်တဲ့ ဘဝ ” ကို အသေအချာပိုင်ဆိုင် နိုင်မှာပါ။ comment လေးအတွက် ကျေးဇူးပါနော်။