hits spiritcorner: အလှကိုယ်စီ

Wednesday 7 February 2007

အလှကိုယ်စီ

~
ဖိုးလမင်းလည်း သူ့အဆင်းနှင့် သူ့အလင်းနှင့်
မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်
စံပယ်ဖူးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်
ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်
မြေပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်
စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်
မည်သည့်အရာ မဆိုသာတည့် သူမှာကိုယ်မှာ အလှသာတည့်
သဘာဝလျှင် အလှကိုယ်စီ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏
အလှဝန်တို မငြိုငြင်နှင့်
ဝန်တိုမှုသာ မလှရာတည့်
သူဂုဏ် သူသိန် သူအရှိန်နှင့်
အချိန်အခါ နေရာဒေသ
ဋ္ဌာနအလျှောက် အရေးရောက်သည်
စွမ်းလောက်နိုင်သူ ချည်းပါတကား........

တင်မိုး

2 comments:

Nay Nay Naing said...

ဒီကဗျာ ကြိုက်တယ်။ အားလုံးနဲ့ မျှဝေခံစားပေးတာ ကျေးဇူးပါပဲ။

clef said...

သွားလေသူ ဆရာကြီးအတွက် အမှတ်တရပါ။ အားလုံးလည်း အလှကိုယ်စီ ရှိကြပါစေလို့...
comment လေးအတွက် ကျေးဇူးပါနော်။