hits spiritcorner: အသံမဲ့ စကားသံ

Saturday 28 July 2007

အသံမဲ့ စကားသံ


ငါဟာ စကားတွေ ပြောချင်နေတာပါ
တောက်ပတဲ့ နေရောင်ခြည် နဲ့ ခမ်းနားတဲ့ ရနံ့တွေအကြောင်း
လှပတဲ့ ရောင်စဉ်တွေဖြစ်ဖို့ လှမ်းလျှောက်မဲ့ ခြေလှမ်းတွေအကြောင်း
သာယာတဲ့နေ့သစ်တွေနဲ့ ပုံဖော်တဲ့အနာဂတ်အကြောင်း


ဒါပေမဲ့ ...ငါကြားနေရတာက
လှည့်ဖျားသံ ခပ်ပြင်းပြင်း
မလိုမုန်းပွားသံ ခပ်ညံ့ညံ့

အတ္တသံ တချွင်ချွင်
လောင်မြိုက်သံ တဖြောက်ဖြောက်
ဟောဟိုမှာ မရပ်မနားပြောနေတဲ့ ပါးစပ်ပေါက်


( အား ..တော်ကြပါတော့..)
စိတ်ထဲမှာ.. နှုတ်ခမ်းဖျားမှာ
မပီမသ အကြိမ်ကြိမ် ရေရွတ်



ကြာလာတော့ ငါ့ စကားသံတွေလည်း

အသံမဲ့..............

2 comments:

Anonymous said...

clef.. ရှား၂ပါး၂ကဗျာရေးထားတာကိုးး) ကြိုက်တယ် ။ လောကကြီးက ဒီလိုပါပဲ ။ ဒါပေမယ့် တို့တတွေ အသံမဲ့နေလို့လည်း လက်တွေ့ မှာ မဖြစ်နိုင်သေးတော့.. ဖြစ်ချင်တာလေးနဲ့ပဲ... ရှေ့ဆက်ခရီးတက်ရမှာပေါ့ ။

clef said...

မဂျစ်ရေ.. တခါတရံ အဆင်မပြေတတ်တဲ့ လူမှုရေးရာ ဝန်းကျင်က စိတ်ရှုပ်မှုတွေကို ကဗျာထဲမှာ ပေါက်ကွဲကြည့်တာ။
အင်အားမဲ့တဲ့ အသံတွေကို နားထောင်အားဖြည့်ပေးတဲ့ မဂျစ်ကို တအားကျေးဇူး။