hits spiritcorner: တစ်ခုသော april 30

Wednesday 10 January 2007

တစ်ခုသော april 30

coffee အတူတူ တစ်ခေါက်လောက်သောက်ချင်တယ်
ပြီးတော့ စကားတွေလည်းပြောကြတာပေါ့
မိုးလေဝသအခြေအနေ ဘယ်လိုလဲ??
ရောဂါဘယတွေရော ကင်းရဲ့လား??
အရင်ကလို air-con bus တွယ်စီးတုန်းလား??
သံစဉ်တွေနဲ့ melody သူတို့တွေရော တည့်ကြရဲ့လား??
ဒါမှမဟုတ် စကားမပြောချင်ရင်လည်း
လက်သည်းထိုင်ညှပ်နေလိုက်ပေါ့
အဓိက ကတော့ရင်ချောင်ဖို့လိုတယ်လေ
အခုလိုမြုံထားရပုံမျိုးနဲ့ဆိုရင်
ရင်ဘတ်အောင့်ပြီး သေလောက်တယ်
ဘာပဲဖြစ်ဖြစ်
နောက်တစ်ခေါက် ထပ်ဝေးကြစို့ရဲ့.............



2004 တုန်းကရေးထားတဲ့ ကဗျာအဟောင်းလေး တစ်ပုဒ်ပါ
စာအုပ်တွေရှင်းရင်း ပြန်တွေ့လို့
ဘယ်လိုပဲဖြစ်ဖြစ် အမှတ်တရ ပေါ့




4 comments:

Nay Nay Naing said...

ကဗျာ စပ်တယ်လား။
ဒါ ပထမ ဆုံးအကြိမ် သိလိုက်တာပဲ။
အင်း ..ကိုယ်ရင်းနှီးပါတယ်ဆိုတဲ့ သူငယ်ချင်းတွေ အကြောင်းတောင် သေချာ မသိသေးပါလား။

ဒီကဗျာလေး.. ကောင်းတယ်..
အောက်က မှတ်ချက်ပေးထားတဲ့ ဖြစ်ဖြစ် အမှတ်တရပေါ့ ဆိုတဲ့စကားလေးလည်း ကြိုက်တယ်။
နောက်ရှိသေးရင် ထပ်တင်ပါဦး။ :)

clef said...

ကျေးဇူးပါ။ အရူးဘုံမြှောက်ဆိုတဲ့စကား ကြားဖူးပေမဲ့ မသိချင်ယောင်ဆောင်နေလိုက်ပါတယ်။
မရှက်တမ်းကြွားရရင် ခရီးကပြန်လာပြီး ရေးထားတဲ့သီချင်းတပုဒ်၇ှိပါသေးတယ်။
သံစဉ်ရှာနေတာ စိတ်ကြိုက်မတွေ့သေးလို့ နောက်မှတင်လိုက်ပါမယ်။

sisain said...

ခုလို ဝေမျှတာ ကျေးဇူးပါ-
ဒီလို ပေါ့ပေါ့ပါးပါးကဗျာမျိုးလေးတွေ မဖတ်ရတာ အတော်ကြာပြီဗျ-
ကဗျာပေါ့ပေါ့ပါးပါးလေးတွေက ခုလိုရေးရဖို့ မလွယ်ဘူးလေ-
ကောင်းတယ်။

clef said...

ကျွန်မရဲ့ မဖြစ်ညစ်ကျယ် ကဗျာလေးကို အခုလိုအားပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်ရှင်။