စိတ္တရလေခါ
ကမ္ဘာလောကမှာ မကောင်းမှု ဆိုတာ ဘာမှမဟုတ်ဘူး။ မကောင်းမှုဆိုတာ လူ့အမြင်တဦးနဲ့တဦး မတူခြင်းရဲ့ အခြားအမည်နာမဝေါဟာရ စကားလုးံမျှသာ ဖြစ်တယ်။ လူတိုင်းလူတိုင်းဟာ စိတ်ထားတမျိုးစီ တမျိုးစီနဲ့ မွေးဖွားပေါ်ပေါက်လာကြတယ်။ လူတိုင်းလူတိုင်းဟာ ဒီကမ္ဘာလောကဇာတ်ခုံပေါ်မှာ ကိုယ်အခန်း ကိုယ်အကွက်ကို ကပြအသုးံတော်ခံဖို့ရောက်လာကြတယ်။ မိမိရဲ့စိတ်ဓာတ်က လှုံ့ဆော်တဲ့အတွက် သူတို့ဟာ မိမိတို့ရဲ့အခန်းကို ထပ်ခါ ထပ်ခါ ကပြအသုံးတော်ခံကြတယ်။ လူဘဝဆိုတာ အဲဒါပဲ။ လူလုပ်တဲ့အရာဟူသမျှဟာ သူစိတ်သဘော အရသာဖြစ်တယ်။ သူစိတ်သဘောဟာလဲ ပတ်ဝန်းကျင်သဘာဝ အတိုင်းပဲ။ လူဟာမိမိရဲ့အရှင်သခင် မဟုတ်ဘူး။ပတ်ဝန်းကျင် အခြေအနေရဲ့ ကျေးကျွန်ဖြစ်တယ်။ ပတ်ဝန်းကျင် အခြေအနေရဲ့ လက်အောက်ခံဖြစ်တယ်။လူဟာပြုလုပ်သူမဟုတ်ဘူး။ ပြုလုပ်ရာ ပြုလုပ်ကြောင်း ကိရိယာတန်ဆာပလာမျှသာ ဖြစ်တယ်။ ကဲ အဲဒီတော့ ကောင်းမှု မကောင်းမှုဆိုတာ ဘယ်မှာလာပြီး ရှိနိုင်ဦးတော့မှာလဲ။
လူမှာ ငါစွဲဟာ အဓိကဖြစ်တယ်။ လူတိုင်းလူတိုင်း ချမ်းသာသုခကို လိုလားကြတယ်။ ချမ်းသာသုခ ထင်မြင် ယူဆချက်ကတော့ တဦးနဲ့တဦး မတူကြဘူး။ တချို့က ချမ်းသာသုခကို ဥစ္စာဓန မှာတွေ့ကြတယ်။ တချို့က ချမ်းသာသုခကို သေရည်သေရက်မှာတွေ့ကြတယ်။ တချို့က ချမ်းသာသုခကို ကာမဂုဏ်လိုက်စားပျော်မြူးခြင်းမှာ တွေ့ကြတယ်။ တချို့က ချမ်းသာသုခကို စွန့်လွှတ်ခြင်းမှာ တွေ့ကြတယ်။ ကမ္ဘာလောကမှာ ဒုက္ခတွေ့မယ်ဆိုရင် ဘယ်လိုအရာကိုမှ ကိုယ်စိတ်သဘောနဲ့ ပြုလုပ်တဲ့ ပုဂ္ဂိုလ်ရယ်လို့ မရှိဘူး။ အဲဒါလူ့စိတ်သဘောပဲ။ လူရဲ့အမြင် တဦးနဲ့တဦး မတူညီခြင်းဘဲ။

ဒါကြောင့်မို့ ကမ္ဘာလောကမှာ မကောင်းမှုရဲ့ အနက်အဓိပ္ပာယ်ကို တမျိုးတည်း ဖွင့်လို့ မရဘူး။ ငါတို့ဟာ မကောင်းမှုကိုလဲ လုပ်တာမဟုတ်ဘူး။ ကောင်းမှုကိုလဲ လုပ်တာမဟုတ်ဘူး။ ငါတို့မလုပ်မဖြစ်တဲ့ အလုပ်ကိုသာ လုပ်ရခြင်းဖြစ်တယ်။
။။။ ပါရဂူ ရဲ့ အောင်မြင်လှတဲ့ စိတ္တရလေခါ ဖြစ်သလို အိန္ဒိယရဲ့ ကျော်ကြားလှတဲ့ ဒသနအတွေးတွေလည်း ဖြစ်ပါတယ်။။။
2 comments:
မနေ့ က တနင်္ဂနွေနေ့ ကပေါ့..
ဒီ စာအုပ်အကြောင်း သူငယ်ချင်းတစ်ယောက်နဲ့  ပြောဖြစ်သေးတယ်.. စာအုပ်နာမည်ကို မေ့နေခဲ့တာ၊ ခုတော့ ဒီပိုစ့်ကြောင့် ပြန်မှတ်မိပြီ၊ ကျေးဇူးပါပဲ။
ဟို ၇ နှစ်ကျော် ၈ နှစ် ၊ စဖတ်တုန်းက နားလည်အောင် ကြိုးစားဖတ်ပေမယ်.. ကိုယ်နားမလည်နိုင် ဖြစ်ခဲ့တဲ့ စာအုပ်တွေ ထဲမှာ ဒီစာအုပ်လည်းပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်လောက်က တစ်ခါ ဖတ်ဖြစ်သေးတယ်။ အရင်ကထက် နည်းနည်း သိလာသလိုပဲ။ ခု ထပ်ဖတ်ကြည့်ချင်နေတယ်။ ဒီရက်ပိုင်းတော့ အချိန်ရရင် အဲ့ဒီ စာအုပ်လိုက်ရှာပြီး ပြန်ဖတ်ကြည့်လိုက်ဦးမယ်။
ပါရဂူစာအုပ်တွေ စိတ်ဝင်စားရင် သူလိုဘုရင် ဆိုတဲ့စာအုပ်လည်းဖတ်ကြည့်ပါလား။ ကောင်းတယ်။
Post a Comment