ခရမ်းပြာပန်းတိုင်
...
ချစ်သူ
ရှေ့ကိုကြည့်စမ်း လန်းဆန်းဝင့်ကြွား
အားနှင့်မာန်နှင့် သည်ပန်းပွင့်က
လွင့်မျောလှုပ်လဲ့ ချောင်းရဲ့ရေစီး
သည်ခရီးထဲ ဇွဲကိုကိုးစား
ပျော်များနေရဲ့ မင်းချစ်တဲ့ပန်း
ခရမ်းပြာလေ၊
ဗေဒါရဲ့လမ်း စခန်းဘယ်ဆီ
မှန်းရည်သော်လည်း ခက်ခဲပင်ပန်း
ဒီရေကြမ်းမှာ သာသာတမျိုး
ဆိုးဆိုးတဖုံ ကြုံမြဲကြုံလျှက်
ရောက်ခက်နိုင်ခဲ့ မင်းချစ်တဲ့ပန်း
ခရမ်းပြာလေ။
ဗေဒါခရီး နီးနီးဝေးဝေး
အေးအေးကြမ်းကြမ်း သည်လမ်းစုန်ဆန်
ရင်ခုန်သံဖြင့် ချစ်ခြင်း၊မုန်းခြင်း
ဖြတ်နင်းကျော်သွား လူသားဆန်စွာ
ပန်းဗေဒါလို မငြိုမငြင်
လမ်းသစ်ထွင်လျှက် ဆက်လျှောက်ပါနော်
အဖော်ခဏ ခေါ်မရလဲ
တယောက်တည်းပေါ့ ခေါင်းမော့စမ်းပါ
ခရမ်းပြာပန်း ခြေလှမ်းမြဲခိုင်
ပန်းတိုင်မြင်မှ သတိရလည်း
ဝမ်းနည်းမနေ လေပြေလေးဖြစ်
ကျေနပ်နေရစ်ပါရစေနော်။ ။
သိပ်ကြိုက်တဲ့ ကဗျာလေးတပုဒ်ပါ။ ဝတ္ထုတပုဒ်ထဲကမှန်း အမှတ်ထင်ထင်
ရှိပေမဲ့ ရေးတဲ့သူနာမည်ကို ဘယ်လိုမှစဉ်းစားလို့မရတော့တာ ခွှင့်လွှတ်ပါ။
2 comments:
ညီမလေးရေ..
မမွန်မှတ်ထားတာ မမှားဘူးဆိုရင်တော့
စာရေးဆရာမရှားရဲ့ ခရမ်းပြာမှတ်တိုင်ဆိုတဲ့
စာအုပ်ထဲကလားလို့..
အသက်ကြီးတော့ နည်းနည်းမေ့နေပြီ..
သိပ်ကိုကျေးဇူးတင်ပါတယ် မမွန်ရေ။
စာအုပ်နာမည် “ ခရမ်းပြာပန်းတိုင် “ မှန်းသေချာပေါက် မှတ်မိပေမဲ့ မသေချာတာက စာရေးသူနာမည်ပါ။
ရှား လား၊ နေနော် လား မသေချာဖြစ်နေတာ အခုပဲ သေချာသွားတော့တယ်။
ကျေးဇူးပါနော်။
Post a Comment