ပိတောက်ပန်း
ခူးချင်စမ်းပါနဲ့ နှစ်ဆန်းခါတော်မှီမို့
ဇမ္ဖော်ရည်ပြေပြေလိမ်းတာပါ ခပ်သိမ်းနယ်စုံစုံတို့
ပွင့်ငုံကိုလင့်ကုန်ကြတော့လို့ ခေါင်းကြွကာဆာဝေဝေနဲ့
သူလဲလေ လောကီသားလိုပါ့ ကြွားချင်လှပေလိမ့်မယ်
တသိန်တင့်ပါဘိ တိမ်မြင့်ရီပြာပြာက
ကြည်သာသာပင့်လေအဖျားတွင်ဖြင့် တီတာတာပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့ သူတို့လိုဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်...
တဝါဝါသင်္ကန်းရယ်က ကမ္ဘာမှာဘဝင်ချမ်းစေတဲ့
သာသနာရွှင်လန်းအောင်လို့ တမင်မှန်းတာပေါ့ သတိသွယ်
ရည်ရွယ်တော့သလား ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာအဝါခြယ်၍ မာလာအလယ်မှာနွဲ့ချင်တဲ့နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန်အတာဝင်သို့ မာန်အင်ကိုဥာဏ်ဆင်မွေးကာပါ့
အရေးအခါသာမှ ခမျာမှာတဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ
ဆရာဇော်ဂျီ
No comments:
Post a Comment