hits spiritcorner: ချစ်ခြင်းမေတ္တာ

Wednesday 18 April 2007

ချစ်ခြင်းမေတ္တာ

...အချစ်
မေတ္တာ
ချစ်ခြင်းမေတ္တာ...

လူတိုင်းနဲ့အလွန်နီးကပ်တယ်လို့ ထင်ရပေမဲ့ တခါတရံ လက်လှမ်းမမီသလိုမျိုး ဖြစ်တတ်ပါတယ်။

ကျွမ်းကျင်သယောင်ထင်ရပေမဲ့ ပြည့်စုံအောင်ဖန်တီးဖို့ ခက်ခဲနေတတ်ကြပါတယ်။

(လေ့ကျင့်မထားတဲ့အမုန်းတွေကျတော့ အပီပြင်ဆုံး ပုံဖော်နေဆဲပါ။)

လူတိုင်းဟာချစ်တတ်သူတွေပါလို့ ဆိုပေမဲ့ စနစ်တကျ တတ်မြောက်သူတွေ မဟုတ်ကြပါဘူး။

အဲဒိတော့ ကာရန်လေးတွေ အနည်းငယ်လွဲနေတတ်ကြပါတယ်။

မိဘ နှင့် သားသမီးကြားမှာရှိတဲ့ချစ်ခြင်းမေတ္တာတွေဟာလည်း တခါတရံ နားလည်မှုအံချော်နေတတ်ပြီး ပွင့်လင်းတဲ့ဆက်ဆံရေးမျိုးကနေ နည်းနည်းသွေဖယ်နေသယောင် ရှိနေတတ်စမြဲပါ။

ချစ်သူရည်းစား၊ လင်မယားကြားမှာလည်း ချစ်နည်းမမှန်၊ ချစ်လမ်း မကျလေတော့ တချို့တလေတွေမှာ ဟန်ပုံမရပါ။

တိုင်းပြည်၊လူမျိုးပေါ်ကိုလည်း တကယ်စိတ်ရင်း ချစ်ခြင်းမှန်ပေမဲ့ ပြသပုံလွဲ အသုံးမတည့် ဖြစ်တတ်ဆဲပါ။

အဲဒီလို အလွဲလွဲ အဖုံဖုံ မှားပွဲတွေမကြုံရအောင် “ ချစ်ခြင်းမေတ္တာ” ဆိုတဲ့ဘာသာဗေဒကို စနစ်တကျ ဆန်းစစ်လေ့လာပြီး ငယ်စဉ်ကစ သင်ကြားပေးခဲ့ရင် မနက်ဖြန်ကမ္ဘာဟာ ဒီနေ့ကမ္တာထက် နားလည်မှုချစ်ခြင်းတရားတွေနဲ့ ပိုမိုနွေးထွေး အသက်ဝင်လေမလားလို့..

No comments: