hits spiritcorner: ဆင်ခြေများစွာနှင့်...

Monday 14 May 2007

ဆင်ခြေများစွာနှင့်...

ကျွန်မတစ်ယောက် အပျင်းတွေထူပြီး blog လေးကို ပုံမှန် update မလုပ်ဖြစ်ဘူး ဖြစ်နေတယ်။ ကျွန်မက ပိုစ့်တစ်ခုကို ရေးခါနီးတိုင်း တော်တော်လေး အချိန်ယူရပါတယ်။ ကျွန်မအတွက်ရော စာဖတ်သူအတွက်ပါ remindဖြစ်စေမဲ့အကြောင်းအရာလေးတွေဖြစ်စေချင်တာကြောင့်ပါ။ နောက်ပြီး ကျွန်မက အနားမှာ လူရှိပြီး အာရုံနောက်ရင်လည်း သိပ်ရေးလို့မရပါဘူး။ နောက်တစ်ချက်ကတော့ အရင်တုန်းကထက် အခုနောက်ပိုင်း အလုပ်ချိန်ပိုများနေလို့ပါ။ နောက်ဆုံးတစ်ချက်ကတော့ ခပ်နည်းနည်းပဲရတဲ့ကိုယ်ပိုင်အချိန်တွေထဲမှာ စာရေးဖို့ထက် စာဖတ်ဖို့ကိုပဲ ပိုအားသန်လို့ပါရှုင်။
(ဟဲဟဲ လိုရှင်းကတော့ ပို့စ်အသစ်တွေ သိပ်မတင်နိုင်တဲ့အတွက် ဆင်ခြေတွေများနေတာပါ။)

အခုတော့ စိတ်ထဲမှာ ရေးချင်တဲ့အကြောင်းအရာတွေ သိပ်များနေတာရယ်၊ blog လေးအတွက် အလွမ်းပြေရယ်ပေါင်းပြီး ပို့စ်အသစ်တင်လိုက်ပါပြီ။ ရေးမယ်ဆိုတော့လည်း ရေးချင်တဲ့အကြောင်းအရာတွေက သိပ်များနေပါတယ်။

Disable ဖြစ်ရက်နဲ့ ကမ္ဘာကျော်တဲ့ ပုဂ္ဂိုလ်တွေအကြောင်းကို သေသေချာချာလေး ရေးချင်ပါတယ်။ ( hellen keller, stephen hawkings, david blunkett ...etc)
နောက်ပြီး ဒီနိုင်ငံမှာ disable တွေကိုသေသေချာချာစောင့်ရှောက်ပြီး အခွင့်အရေးအများအပြား ပေးထားတဲ့အကြောင်းတွေပါ။

နောက်တစ်ခုကတော့ England Home Secretary ဟောင်းတစ်ဦးဖြစ်တဲ့ David Blunkett တင်ပြတဲ့ Nationalism ဆိုတဲ့အကြောင်းနဲ့ပတ်သတ်ပြီး ဆက်စပ်အတွေးတစ်ချို့ကိုပါ။

နောက်တစ်ခုက အခုလောလောလတ်လတ် Prime Minister ရာထူးက နုတ်ထွက်ထားတဲ့ Tony Blair အကြောင်းပါ။ရေးချင်တဲ့ အကြောင်းအရာလေးတွေကိုတော့ အမြည်းပြောပြီးပြီ။ အခုလောလောဆယ်တော့ မကြာမီ လာမည် မျှော် လို့ပဲ တောင်းပန်စကား ဆိုပါရစေတော့...

"There are people who still think that the compromises that were made along the way were unacceptable. But sometimes politics is about that in order to achieve a better end. And there are always two kinds of people in politics: those who stand aside and commentate and those who get their hands dirty and do."

Tony Blair
8 May, as devolution returns to Northern Ireland

2 comments:

Thiha Kyaw Zaw said...

I'm waiting for ur Nationalism and Tony Blair posts :)

clef said...

just posted ' Nationalism '..
but still half-way in 'tony blair ' post..
thx so much for your comment..:)