hits spiritcorner: January 2007

Wednesday 31 January 2007

ပေးစာများ













ဘာစာအုပ်ဖတ်ရင်ကောင်းမလဲလို့ စာအုပ်တွေရွေးနေရင်း letters to lilyဆိုတာတွေ့တာ နဲ့ နာမည်လေးနဲ့တင် သဘောကျသွားတယ်။ နောက်က summary လိုဟာမျိုးလေး ဖတ်ကြည့်လိုက် တော့လည်း အဘိုးကနေ စပ်စုတတ်တဲ့ 7နှစ်အရွယ်သူ့မြေးမလေးဆီ ရေးတာဆိုတော့ပိုတောင်ဖတ်ကြည့်ချင်စိတ်ပေါက်သွားသေးတယ်။ ဖတ်ကြည့်လိုက်တော့ သိပ်မဆိုးပေမဲ့ အရမ်းမျှော်လင့်ထားတဲ့ ကျွန်မအတွက်တော့ သိပ်အာသာ မပြေသလို ဖြစ်သွားတယ်။ ကျွန်မမျှော်လင့်ထားတာက အစိုးရိမ်ကြီးတတ်တဲ့ အဘိုးတယောက်က မြေးတယောက်ကို ဆုံးမတဲ့၊ ရှင်းလင်းပြောပြတဲ့ personalဆန်ဆန် လမ်းညွှန်သွန်သင်မှုတွေနဲ့ ချစ်ခင်မှုတွေပါ။ တကယ်တမ်းကျတော့ facts တွေကိုအဓိကထားပြီး စကားပြေဆန်တဲ့ အရေးအသားတွေနဲ့ ဆောင်းပါးလို သဘောတွေများနေတယ်။ ကျွန်မ မျှော်လင့်တဲ့ ပေးစာပုံစံမျိုး ကို သိပ်မတွေ့ရဘူးဖြစ်နေတယ်။ဒါပေမဲ့ နောက်ဆုံးမှာ သူ့အမေက သူ့အစ်မဆီရေးထားတဲ့ ဟောဒီကဗျာလေးနဲ့ အဆုံးသတ်ထားပုံကတော့ တော်တော်လေး သဘောကျစရာကောင်းလှပါတယ်။


Petition for my daughter

Time be kind. The dangerous world
Presses on the petals furled,
But as bruising years go by
Promise her a sanctuary.

Let her grow with great surprise,
Guard the wonder in her eyes
For a shinning sea-washed stone,
For leaves of satin, twigs of bone.

Trust her with your mysteries,
Butterflies and bark of trees.
Woo her with your winds and grasses
comfort her when summer passes.

Given her body's flower grace
Into Galahad's embrace,
That in peace she may discover
Man as friend and friend as lover.

Time be kind, be gentle. Teach her
There are woods where naught can reach her,
There are mornings none can borrow,
Love enough for each tomorrow.


ပေးစာတွေနဲ့ပတ်သတ်လို့ ကျွန်မစိတ်ကို ဖမ်းအစားနိုင်ဆုံးစာအုပ်တအုပ်ကိုပြောပါဆိုရင် မြသန်းတင့် ဘာသာပြန်တဲ့ လူကလေးသို့ ပေးစာများကို ပြရမှာပါ။ စာအသိရော၊ ဘဝအသိပါ ပြည့်စုံကြွယ်ဝလှတဲ့ English Politician တစ်ဦးဖြစ်တဲ့ Lord Chesterfield ကနေ သူ့သားလေး Philip Stanhope လောကအလယ်မှာ လူတလုံး၊ သူတလုံးဖြစ်ဖို့အတွက်၊ အစစအရာရာမှာ အမှားအယွင်းတွေနဲ့ မကြုံတွေ့မိစေဖို့အတွက် စိုးရိမ်တကြီးနဲ့ တတွက်တွက်သင်ကြားနေတဲ့ ဖခင်တယောက်ရဲ့ ဂရုဏာ၊ စေတနာ တွေကိုအပြသနိုင်ဆုံး ပေးစာတွေပါ၊


ဒီပေးစာတွေကို သူ့သားတော့ ဘယ်လောက်တန်ဖိုးထားသလဲ မသိပေမဲ့ ကျွန်မကတော့ ကျွန်မအိမ်ကနေ ပထမဆုံးအကြိမ် လောကကြီးထဲကို သွားရမဲ့ခရီး၊ မိသားစုဝင်တွေမပါ တကိုယ်တည်း ချီတတ်ရမယ့် မိုင်ထောင်ချီ ခရီးမှာ မှတ်မှတ်ရရ သယ်လာခဲ့တဲ့ စာအုပ်ပါ။ ခုချိန်ထိလည်း စာအုပ်စင်မှာ မြတ်မြတ်နိုးနိုး သိမ်းထားရတဲ့ စာအုပ်လေးပါရှင်။

Tuesday 30 January 2007

ခေါက်ထီးကလေး မလုံ့တလုံ


ကျွန်မ သိပ်ကြိုက်တဲ့စာအုပ်တအုပ်ပါ။ ပြည့်တန်ဆာ ပပျောက်ရေး ကိုစွမ်းစွမ်းတမံ ကြိုးစားခဲ့တဲ့ စာရေးသူရဲ့ အမှာစာကို ပကြိမ် ပုံနှိပ်ခြင်းတုန်း က တွေ့လိုက်ပေမဲ့ အခု ဒုကြိမ် ပုံနှိပ်မှာတော့ မတွေ့မိပါဘူး။ ခေတ်တွေ၊ စနစ်တွေ မတူတော့ဘူး လို့ဘဲ ယူဆလို့လား မသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သမိုင်းနောက်ခံက 1977 ပတ်ဝန်းကျင်လောက်ကမို့လို့ပါ။ ဒါပေမဲ့ အကြောင်းအရာကတော့ ခုထိ မဟောင်းသေးဘဲ ဘောင်ဝင်နေတုန်းပါ။
အပြင်ဆောင်တခုမှာ တခန်းထဲ အတူတူနေခဲ့ကြဖူးတဲ့ သူငယ်ချင်းနှစ်ယောက် ဝေးသွားကြပြီးမှ ပထမဆုံးပြန်တွေ့တဲ့ နေရာ က “တရားရုံး”၊ အမှုက ပြည့်တန်ဆာမှု၊ တယောက်က အစိုးရ သက်သေ၊ နောက်တယောက်က အစိုးရ ရှေ့နေ။
ဘဝကို တန်ဖိုးမထား၊ ပျော်ပျော်နေတက်တဲ့ “ကြွေ”၊
စားဝတ်နေရေးအတွက် မဟုတ်ဘဲ အလှအပ အတွက် ပိုက်ဆံကို လွယ်လွယ်ကူကူ ရှာတက်တဲ့ ကြွေ၊
မပြစ်မှားသင့်တဲ့ ကိုယ့်အစ်မ ယောက်ျား ခဲအိုကိုမှ ချစ်ချင်တဲ့ကြွေ၊
ဒီမိန်းကလေးရဲ့ ဘဝနိဂုံး က ကြောက်စရာကောင်းလှပါတယ်။
ကိုယ်မေတ္တာထားမိတဲ့ ရှေ့နေမလေး မွန်မွန်ကို လိုက်ပါကူညီရင်း ပေးဆပ်တက်တဲ့ ယောက်ျားကောင်းတယောက်ရဲ့ စိတ်ဓာတ်ကို အကောင်းဆုံးလှစ်ဟပြသွားတဲ့ တရားသူကြီး ကိုခင်ဇော်။
သုံးပွင့်ဆိုင်ဇာတ်လမ်းလေးကလည်း ညှို့နိုင်စွမ်းသလို စာရေးသူရဲ့စေတနာကလည်း လေးစားဖွယ်ပါ။
ဘယ်လိုပဲဖြစ်ဖြစ် စာရေးသူ၏ ဆန္ဒအတိုင်း “ ပြည့်တန်ဆာ ကုန်ကူးခြင်းစနစ်” ကျဆုံးပါစေလို့ပဲ ခပ်တိုးတိုးလေး ဆုတောင်းပေးနေမိပါတယ်။

Monday 29 January 2007

အောင်မြင်သော ဘဝ

~

ခဏ ခဏ ရယ်ရယ်မောမော
ပညာရှိသူ၏ လေးစားခြင်းနှင့် ကလေးတို့၏ ချစ်ခြင်းကိုရသော

ရိုးသားသော ဝေဖန်သူ၏ နှစ်သက်ခြင်းကို သိမ်းပိုက်နိုင်၍
မိတ်ဆွေတုများ၏ သစ္စာမဲ့မှုကို ခံနိုင်သော

လူအများ၌ အကောင်းကိုမြင်တတ်၍
ကျန်းမာသော ကလေးတယောက်
ဥယျာဉ်တကွက်၊ လူမှူကယ်တင်ရေးတခုနှင့်
ကမ္ဘာကြီးကို အနည်းငယ်ပို
၍ သာတောင့်သာယာဖြစ်စေသော

သင်ရှိခြင်းကြောင့် အခြားဘဝတခု၊ ဆေးတအိုး၊
အသက်တရှူ
ပို၍လွယ်ကူစေသည်ဟု သိသော

ထိုသူ၏ဘဝသည်
အောင်မြင်သော ဘဝ ဖြစ်သည်။

Sunday 28 January 2007

ယုံချင်ယုံ မယုံချင်နေ


..သူငယ်ချင်းတယောက် လှမ်းပို့လိုက်တာပါ၊ 2007 အတွက် မြန်မာနိုင်ငံ၏ ကံကြမ္မာဟောစာတန်းတဲ့။ ကျွန်မကတော့ ယုံချင်ယုံ မယုံချင်နေ လို့ဘဲ ဆိုပါရစေတော့...

ဟောစာတန်း

Saturday 27 January 2007

ဖိနပ်တရန်

အင်တာဗျူး

ဂျူး- ဝတ္ထုတိုများ

~

ကျွန်မ သိပ်ကိုလေးစားနှစ်သက် သဘောကျရတဲ့ စာရေးဆရာမ တယောက်ပါ၊ ဘယ်လောက်တောင် ကြိုက်သလဲဆိုရင် သူမရဲ့အတွေးတွေ၊ စိတ်ကူးတွေ၊ ထွက်တဲ့စာအုပ်တွေ အားလုံးကို အပိုင်သိမ်းထားချင်မိတဲ့ အထိပါပဲ။ အတွေးတွေ၊ စိတ်ကူးတွေကို အပိုင်သိမ်းဖို့မဖြစ်နိုင်တော့ ဖြစ်နိုင်တဲ့ စာအုပ်တွေကိုပဲ ဝယ်သိမ်း ထားရတာပေါ့၊ လိုချင်တဲ့စာအုပ်တော်တော်များများ ဝယ်လို့ရပေမဲ့ အခုထိမရသေးတာက “ကံကြမ္မာကို မယုံကြည်ကြသူများ “ ပါ၊ ebooks တွေမှာ ရှာရတာလည်းမောလှပါပြီ၊ အခုထိတော့ မတွေ့သေးပါဘူး၊

လောလောဆယ်တော့ ရှိနေတဲ့စာအုပ်အဟောင်းလေးတွေ ပြန်ဖတ်ရင်း၊ စက်ထဲမှာသိမ်းထားတဲ့ ဝတ္ထုတိုလေးတွေပြန်ကြည့်ရင်းပဲ ကျေနပ်လိုက်ပါတော့တယ်၊
အမှတ်တရ - စာစု
ပျောက်ဆုံးနေသော
ကမ္ဘာမြေရဲ့ချစ်သူ

Wednesday 24 January 2007

ခရမ်းပြာပန်းတိုင်

...
ချစ်သူ
ရှေ့ကိုကြည့်စမ်း လန်းဆန်းဝင့်ကြွား
အားနှင့်မာန်နှင့် သည်ပန်းပွင့်က
လွင့်မျောလှုပ်လဲ့ ချောင်းရဲ့ရေစီး
သည်ခရီးထဲ ဇွဲကိုကိုးစား
ပျော်များနေရဲ့ မင်းချစ်တဲ့ပန်း
ခရမ်းပြာလေ၊

ဗေဒါရဲ့လမ်း စခန်းဘယ်ဆီ
မှန်းရည်သော်လည်း ခက်ခဲပင်ပန်း
ဒီရေကြမ်းမှာ သာသာတမျိုး
ဆိုးဆိုးတဖုံ ကြုံမြဲကြုံလျှက်
ရောက်ခက်နိုင်ခဲ့ မင်းချစ်တဲ့ပန်း
ခရမ်းပြာလေ။

ဗေဒါခရီး နီးနီးဝေးဝေး
အေးအေးကြမ်းကြမ်း သည်လမ်းစုန်ဆန်
ရင်ခုန်သံဖြင့် ချစ်ခြင်း၊မုန်းခြင်း
ဖြတ်နင်းကျော်သွား လူသားဆန်စွာ
ပန်းဗေဒါလို မငြိုမငြင်
လမ်းသစ်ထွင်လျှက် ဆက်လျှောက်ပါနော်

အဖော်ခဏ ခေါ်မရလဲ
တယောက်တည်းပေါ့ ခေါင်းမော့စမ်းပါ
ခရမ်းပြာပန်း ခြေလှမ်းမြဲခိုင်
ပန်းတိုင်မြင်မှ သတိရလည်း
ဝမ်းနည်းမနေ လေပြေလေးဖြစ်
ကျေနပ်နေရစ်ပါရစေနော်။ ။

သိပ်ကြိုက်တဲ့ ကဗျာလေးတပုဒ်ပါ။ ဝတ္ထုတပုဒ်ထဲကမှန်း အမှတ်ထင်ထင်

ရှိပေမဲ့ ရေးတဲ့သူနာမည်ကို ဘယ်လိုမှစဉ်းစားလို့မရတော့တာ ခွှင့်လွှတ်ပါ။

Tuesday 23 January 2007

မိန်းမတို့အကြောင်း





THE SECOND SEX
SIMONE DE BEAUVOIR

စာအုပ်နာမည်လေးနဲ့တင် စိတ်ဝင်စားဖို့ကောင်းမယ်ထင်ပါတယ်နော်။ ဒါပေမဲ့ ကျွန်မကတော့ စာရေးသူကို ပိုစိတ်ဝင်စားနေမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာရေးသူဟာ သိပ်ကို ထူးခြားတဲ့ ပြင်သစ်အမျိုးသမီး ဒသန ပညာရှင် ဖြစ်နေလို့ပါ။ ဒီနေ့ခေတ် လူပြောများနေတဲ့ ဖြစ်တည်မှုပဓာနဝါဒ ဆိုတာနဲ့ လူတော်တော် များများဟာ ယန်းပေါလ်ဆာ့တ် ကိုပဲ သတိတရရှိကြပါတယ်။ သူနဲ့အတူတူ ကြိုပမ်းခဲ့တဲ့ သူမကိုတော့ မေ့လျော့ထားတက်ကြပါတယ်။

ဒသနိက ဘွဲ့ရတုန်းကလည်း ဆာ့တ် က ပထမ ၊ သူမက ဒုတိယ ရခဲ့တာပါ။ နောက်ပိုင်းတော့သန့်စင်တဲ့ ချစ်ခြင်းတွေနဲ့သေသည်အထိ အတူတူနေထိုင်သွားကြတယ်လို့ဆိုပါတယ်။သူမစာစရေးတဲ့အချိန်မှာ တော်တော်
များများ က ဆာ့တ် ရေးပေးတယ်လို့ပဲ ထင်ခဲ့ကြပါတယ်တဲ့။ ကြားထဲက မခံချင်ဖြစ်မိတဲ့ ကျွန်မ က အဲဒိတုန်းထဲက သူမ ကို စိတ်ဝင်စားမိတာပါ။

ကျွန်မ ပထမဆုံး ဖတ်ဖူးတဲ့စာအုပ်ကို နာမည်လည်း မမှတ်မိတော့ပါဘူး၊ ဒါပေမဲ့ သေသေချာချာ မှတ်မိ တာကတော့ သူမအမေ အကြောင်း ရေးထားတယ်ဆိုတာကိုပါပဲ။ လူ့ဘဝ ဆိုတာ ဒုက္ခ လို့ တဖွဖွ ရွတ်ရင်း တသသ ဖြစ်တတ်တဲ့ လူ့စရိုက် သဘာဝအမှန်ကို ထင်းထင်းလင်းလင်း ပြသထားတဲ့အကြောင်းပါ။ဝတ္ထုထဲမှာ သူ့အမေဟာ ဆေးရုံတက်ရတာကို ပျော်နေပါသတဲ့။ ဒါမှ မတွေ့ရတာကြာနေပြီဖြစ်တဲ့ သားသမီးတွေကိုလည်း တွေ့ရမယ်၊ အိမ်နီးချင်းတွေကလည်း ပန်းစီးတွေယူပြီး သတင်းလာမေးရင်းနဲ့ ရပ်ကွက်ထဲက အကြောင်းတွေကို ပြောနိုင်မယ်၊ သူနာပြုလေးတွေရဲ့ ဂရုစိုက်မှုတွေကိုလည်း ရနိုင်တယ်ဆိုပြီး အထင်ရောက်နေတဲ့အကြောင်းပါ။

အခုစာအုပ်ကတော့ မိန်းမတွေရဲ့အတွင်းစိတ်အကြောင်းကို သေသေချာချာ အနုစိတ်လေ့လာ ချယ်မှုန်းထားတဲ့ ကျမ်းတစောင်ပါ။ ပျိုမြစ်နုငယ်တဲ့ လုံမလေးအရွယ်ကနေ ဆံဖြူသွားကျိုးတဲ့အဘွားအို အရွယ်အထိ မိန်းမတို့ရဲ့ စိတ်သဘောအမှန်ကို ဖွင့်ဟပြထားတာပါ။ ပြည့်တန်ဆာ နှင့် ယောက်ျားလျာပါ မကျန်ရအောင် စုံစုံစေ့စေ့ လှစ်ဟဖော်ကျူးထားပါတယ်။ မူရင်းစာအုပ်ကတော့ ကျမ်းစာအုပ်ဖြစ်တာနဲ့အညီ အသေးစိတ်ဖော်ပြထားပေမဲ့ ဘာသာပြန်သူကတော့ ဆိုလိုရင်းကို မပျောက်စေဘဲ ထိထိမိမိ ရေးသားထားတဲ့အတွက် မူလစာအုပ်ရဲ့ တဝက်လောက်ပဲ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်အုပ်စလုံးက အရသာတမျိုးစီနဲ့ ဖတ်လို့ကောင်းလှပါတယ်။

ငိုပါတော့မေ

~

လွှတ်ပစ်လိုက်စမ်း

လွှတ်ပစ်လိုက်စမ်း
တိမ်တိုက်အပြာ သည်နီလာတွေ
ဝါရည်နို့ခဲ သည်ပုလဲတွေ
ခဲသားရင့်ရင့် သည်စိန်ပွင့်တွေ

လွှတ်ပစ်လိုက်လေ
မြေပြင်ဟိုဘက် လှိုင်းပွက်ပွက်နှင့်
ရေနက်ထဲနှစ် ကြဲချပစ်လိုက်

မျက်ရည်စိုနှင့်
ငိုတော့မေရယ်

တွယ်တာစရာ
မေတ္တာကင်းမှ သည်ဘဝမှာ
ဘာကို မက်မော ပျော်မလဲ။ ။


ကြည်အေး
(နွမ်းလျ အိမ်အပြန်)

Saturday 20 January 2007

သည်းခံခြင်း -- ဦးသုခ

~

သူတပါးက ကဲ့ရဲ့လာတဲ့အခါ၊ အပြစ်တင်လာတဲ့အခါမှာ ရှူးရှူးရှားရှားမဖြစ်ဘဲ ခေါင်းကိုညိတ်ပြီးပြုံးပြုံးကလေးနေနိုင်တာဟာ ခမာ ဆိုတဲ့ဂုဏ်နဲ့ပြည့်စုံတာပဲ။

ခန္တီ -- အလောင်းတော်များ ပါရမီဖြည့်ချိန်တွင် မိမိကိုလာရောက်ထိပါးသည့်အခါ ရန်တုန့်မပြန်ဘဲသည်းခံသော စိတ်ထားမျိုး

တာဒ-- ဆင်းရဲ၊ ချမ်းသာတို့ကို အမှုမထားဘဲ ကြံကြံခံကာနေသည့် သည်းခံခြင်းမျိုး

ခမာ -- ကဲ့ရဲ့ခြင်း၊ ပြစ်တင်ခြင်း တို့ကို တုန့်ပြန်ပြောဆိုခြင်းမပြုဘဲ မိမိ ကိုယ်၊ စိတ်၊ နှလုံး တို့ကို ထိန်းချုပ်ကာ အေးအေးသက်သာ ဖြစ်စေလျှက် ခေါင်းတညိမ့်ညိမ့်နှင့် ပြုံးနေနိုင်သည့် စိတ်သဘောထားမျိုး။။




Thursday 18 January 2007

The Thousandth Man

0NE man in a thousand,Solomon says.
Will stick more close than a brother.
And it's worth while seeking him half your days
If you find him before the other.

Nine hundred and ninety-nine depend
On what the world sees in you,
But the Thousandth Man will stand your friend
With the whole round world agin you.

'Tis neither promise nor prayer nor show
Will settle the finding for 'ee.
Nine hundred and ninety-nine of 'em go
By your looks, or your acts, or your glory.

But if he finds you and you find him,
The rest of the world don't matter;
For the Thousandth Man will sink or swim
With you in any water.

You can use his purse with no more talk
Than he uses yours for his spendings,
And laugh and meet in your daily walk
As though there had been no lendings.

Nine hundred and ninety-nine of 'em call
For silver and gold in their dealings;
But the Thousandth Man he's worth 'em all
Because you can show him your feelings.

His wrong's your wrong, and his right's your right,
In season or out of season.
Stand up and back it in all men's sight
With that for your only reason!

Nine hundred and ninety-nine can't bide
The shame or mocking or laughter,
But the Thousandth Man will stand by your side
To the gallows-foot - and after!



မြန်မာစာဖတ်ပရိသတ်တွေနဲ့ ရင်းနှီးတဲ့ If ကဗျာပိုင်ရှင်
Rudyard Kipling ရဲ့ နောက်ထပ် ကဗျာကောင်းတပုဒ်ပါ။

ထောင်တွင်းသို့အလည်တခေါက်





JEFFREY ARCHER
A PRISON DIARY

ထောင်ဆိုတာနဲ့ လန့်မသွားကြပါနဲ့အုံး။ ကျွန်မဖတ်ဘူးတဲ့ ထောင်နဲ့ပတ်သတ်တဲ့ စာအုပ်သုံးအုပ်အကြောင်း ပြောပြချင်လို့ပါ။ ပထမဆုံးပြောချင်တာကတော့ မနေ့ကမှဖတ်လို့ပြီးသွားတဲ့ JeffreyArcher ရဲ့ A prison diary ဆိုတဲ့စာအုပ်အကြောင်းပါ။ Jeffဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်း ကမ္ဘာကျော်စာရေးဆရာကြီးပါ။ Shall we tell the president? ၊ Kane and Abel ဆိုတဲ့စာအုပ်တွေနဲ့ ကမ္ဘာပြည်သူတွေရဲ့အသည်းကို ကိုင်ဆွဲလှုပ်နိုင်ခဲ့တဲ့သူပါ။ ဒီစာအုပ်ကိုမဖတ်ရသေးခင် ကျွန်မထင်လိုက်တာက ထောင်အကြောင်းလေ့လာပြီး
ရေးထားပြန်ပြီ။ ဖတ်လို့ကောင်းအုံးမယ်ဆိုတဲ့အတွေးပါ။ ဘာလို့လဲဆိုရင် သူကစာအုပ်တအုပ်ရေးမယ်ဆိုရင် နှစ်ချီလေ့လာပြီးမှ သေသေချာချာရေးတက်လို့ပါ။ ဘဏ်တွေအကြောင်း၊ ဟိုတယ်တွေအကြောင်း၊ မော်တော်ကားတွေအကြောင်း၊ စတော့ဈေးကွက်အကြောင်း စသည်ဖြင့်ပေါ့။ တကယ်ဖတ်ကြည့်တော့မှ ဘယ်ဟုတ်မလဲ။ သူကိုယ်တိုင် perjury case နဲ့ ထောင်ကြတဲ့အကြောင်း ဖြစ်နေတယ်။ Lord Archer လို
မီလျှံနာတယောက်အနေနဲ့တော့ ထောင်ဟာခက်ခဲကြမ်းတမ်းနေပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်ထောင် အကြောင်းဖတ်ထားဖူးတဲ့ ကျွန်မအတွက်တော့ england ထောင်ဟာ နေပျော်စရာနေရာတခုလို့တောင် အထင်ရောက်စေပါတယ်။ ဘာလို့လဲဆိုတော့ ထောင်မှာ


-စာရေးလို့ရပါတယ်၊ အပြင်က ပို့တဲ့စာတွေကို လက်ခံလို့လည်းရပါတယ်၊ သူကတော့ The Times နဲ့Telegraph တောင် နေ့တိုင်းမှာဖတ်ပါသေးတယ်။ ထောင်ထဲမှာလည်း စာမူတွေရေးပြီး အပြင်ကိုတောင် ပြန်ပို့ပါသေးသတဲ့။

-ထောင်အကျွေးအမွေးအပြင် canteen မှာသုံးဖို့ တပတ်ကို12.50 pound ရပါတယ်။ သူသောက်တဲ့ရေက Evian ပါတဲ့ရှင်။ ရေကုန်သွားရင်လည်း ထောင်ထဲမှာတင် မှောင်ခိုဈေးနဲ့ အလုပ်ဖြစ်ပါသေးတယ်။ Payment ကတော့ Postal Order နဲ့ပေးလည်းရတယ်။ ဒါမှမဟုတ် ရောင်းတဲ့သူရဲ့ အပြင်က သက်ဆိုင်သူ( မိန်းမ၊ ရည်းစား၊သူငယ်ချင်း) ရဲ့ Bank a/c ထဲထည့်ပေးလို့လဲရပါတယ်။

-ထောင်ထဲမှာ အလုပ်လုပ်ပိုင်ခွင့်ရှိပါတယ်။ လုပ်ရတဲ့အလုပ်အပေါ်မူတည်ပြီး ရတဲ့ပိုက်ဆံ မတူပါဘူး။ သူကတော့ စာသင်တဲ့အလုပ် လုပ်ပေးလို့ ပိုရပါတယ်။ အဲဒိပိုက်ဆံတွေကိုတော့ စုထားပေးပြီး ထောင်ထွက်တော့မှ ပေးလိုက်တယ်ပြောပါတယ်။

-Shower room ရှိပါတယ်၊ Gymရှိပါတယ်၊ Library လည်း ရှိပါသေးတယ်။ တပတ်တခါ laundry လည်း ပေးလို့ရပါတယ်။ ဒါအပြင် အပြင်ကိုဆက်ဖို့ တပတ်ကို မိနစ် 20 ကြာပြောလို့ရတဲ့ Phone cardလည်းရပါသေးတယ်။ ထောင်ထဲမှာ ငွေကြေးအဖြစ် ကြားခံသုံးရတဲ့ ပစ္စည်းကတော့ Phone card ပါ။ မြန်မာပြည်မှာတော့ ဆေးလိပ်ကို သုံးပါတယ်။

-ထူးဆန်းတာကတော့ နိုင်ငံတော်တော်များများရဲ့ ထောင်တွေမှာ drug ရတဲ့ကိစ္စပါပဲ။ cannabis, speed, Ecstasy, cocaine, crack cocaine and heroin ဆိုတဲ့ drug တွေကို ရနိုင်ပါတယ်တဲ့ရှင်။





နောက်တအုပ်ကတော့ Return via Rangoon ဆိုတဲ့စာအုပ်ပါ။ အင်္ဂလိပ်အပြေး ဂျပန်အဝင်အဖမ်းခံရတဲ့ အင်္ဂလိပ်ကိုယ်တိုင်ရေးထားတဲ့စာအုပ်ပါ။ အဲထိအချိန်ထိ အင်းစိန်ထောင်ဟာ အင်္ဂလန်ထောင်လောက် မကောင်းပေမဲ့ အခြေအနေအရမ်းမဆိုးသေးပါဘူး။ အဆောင်တွေမှာ သစ်သားကြမ်းခင်း၊ ဖျာ၊ စောင်၊ ခေါင်းအုံးတွေနဲ့ နေပျော်ပါသေးတယ်။ ဦးသန့်အရေးအခင်းမှာ အဖမ်းခံရတဲ့ လူကြီးတွေပြောပြချက်အရလည်း မဆလ ခေတ်အထိအခြေအနေဟာ အရမ်းမဆိုးသေးပါဘူးတဲ့။ သတင်းစာဖတ်ခွင့်တွေ ဘာတွေ ရပါသေးတယ်တဲ့။ နောက်ပြီး နိုင်ငံရေးအမှု ၅ ည နဲ့ ရောက်လာသူတွေဟာ ရာဇဝတ်မှုတွေထက် အခွင့်အရေးလည်း ပိုရပါသေးတယ်တဲ့ရှင်။



နောက်ဆုံးပြောပြချင်တဲ့ စာအုပ်ကတော့ ထောင်ထွက်ကျောင်းသားတဦးဖြစ်တဲ့ နေလင်း (ဗ.က.သ) ရေးတဲ့ လူရှင်သချိုင်းများအကြောင်း ဆိုတဲ့ မြန်မာပြည်မှာရှိတဲ့ထောင်တွေအကြောင်း စာအုပ်ပါ။ အတိအကျ
ပြောရရင်တော့ န.အ.ဖ ခေတ်မှာကြုံတွေ့ရတဲ့ ထောင်တွင်းရက်စက် ကြမ်းတမ်း ယုတ်မာမှုများကို ဖွင့်ချထားတဲ့ ကိုယ်တိုင်ရေး အထ္ထုပတ္တိ စာအုပ်ကောင်းတအုပ် ပါ။ ဒီထက်ပိုပြီး ထောင်အကြောင်း တိတိကျကျ သိချင်တယ်ဆိုရင်တော့ မြန်မာနိုင်ငံရေးအကျဉ်းသမား (ထောင်ထွက်) တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ AAPP website ကို ဖတ်ကြည့်လိုက်ပါဦး လို့။

Tuesday 16 January 2007

poem

နိဗ္ဗာန်ဖြစ်ဖြစ် ငရဲဖြစ်ဖြစ်
စိတ်ညစ်မနေနဲ့
ခုန်ချလိုက်စို့
အမှောင်ထဲကို ......... လာ
မသိမှုရဲ့ ချောက်ထဲမှာ
အသစ်တခုတော့ ( ငါတို့အတွက် ) တွေ့မှာ
အသေအချာ။။


ချားလ်စ် ဘော်ဒလဲ

တော်လှန်ရေး



နိုင်ငံတနိုင်ငံမှာ စစ်တွေ၊ တိုက်ပွဲတွေဖြစ်ကြရင် စွန့်ဝံ့တဲ့သူတွေကို တိုင်းပြည်ဘက်က ကြည့်တော့ သူရဲကောင်း ( သူလျှို) တဲ့။ အခြားဘက်ကကြည့်တော့ ရန်သူ(သူပုန် ) တဲ့။
အမေရိကန် သတင်းစာဆရာမ Meg Greenfield ကတော့ Why nothing is ' WRONG' anymore တဲ့။
ဆိုလိုတာက ဒီနေ့ခေတ် စစ်ပွဲတွေ၊ ပြစ်မှုတွေမှာ မှားလိုက်တာ ဆိုတဲ့ကောက်ချက်မရှိတော့ဘူးဆိုတဲ့သဘောပါ၊
ဒီစာအုပ်ကလည်း အမေရိကန် နှင့် ရှရှား - အာဖဂန်မြေကို အပြိုင်လုကြတဲ့အကြောင်းပါ။
ဖွံ့ဖြိုးမှုတော်တော်နည်းသေးတဲ့ အာဖဂန်တောသူ၊တောင်သားတွေကတော့ ကြားခံနယ်ရုပ်လေးတွေအဖြစ် သနားစရာကောင်းလွန်းလှပါတယ်။






အီဂျစ်မှာ စပိုင်လာလုပ်တဲ့ ဂျာမန်အီဂျစ်နွယ်ဖွားသူလျှိုတယောက်အကြောင်းပါ။
ဘယ်လိုမှတွေးကြည့်လို့တောင်မရနိုင်တဲ့ ခက်ခဲကြမ်းတမ်းလှတဲ့ဆာဟာရသဲကန္တာရကြီးကို ဖြတ်ကျော်ပြီး အီဂျစ်ပြည်ထဲကို ဝင်ရောက်လာပုံနဲ့ အစပျိုးထားတာတင် တော်တော်စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။ အဲဒိမှာအုပ်စိုးနေတဲ့ အင်္ဂလိပ်တွေရဲ့ သတင်းတွေကို ထောက်လှမ်းပြီး ဂျာမန်စစ်ဗိုလ်ချုပ်ဆီ အသံလွှင့်သတင်းပို့ရတာပါ။ ကျွန်မရဲ့စိတ်ကို ဆွဲဆောင်နိုင်တာကတော့ ယုံကြည်ချက်အတွက် အသက်စွန့်ရဲတဲ့ သူရဲကောင်းမလေး နှစ်ယောက် ဖြစ်တဲ့
-ဂျာမန်တွေကိုမုန်းလွန်းလို့ အသက်စွန့်ဖို့ ဝန်မလေးတဲ့ ဂျူးမလေး အယ်လိန်း နှင့်
-အင်္ဂလိပ်တွေကို အငြိုးတကြီးလက်စားချေချင်တဲ့ အာရပ်မလေး ဆွန်ဂျာ တို့ပါ။



ဒီစာအုပ်တွေနဲ့တင် အတွေးကရပ်မသွားဘဲ တော်လှန်ရေးတွေအကြောင်း ရောက်သွားပါတယ်။
-ကိုယ်ထဲမှာ ကူးစက်ရောဂါပိုးသယ်ပြီး အမေရိကန်တွေကို လုပ်ကြံတဲ့ ဗီယက်နမ်မလေး
-ရန်သူတွေ ခိုအောင်းတဲ့နေရာကိုပြဖို့ တခုတည်းအတွက် ကိုယ်ကိုကိုယ်အသေခံရဲတဲ့ တရုတ်မလေး
-အစ္စရေးတွေကို အသေခံဗုံးခွဲတဲ့ ၁၆ နှစ်အရွယ် ပါလက်စ်တီးနီးယန်းသူလေး
-တိုင်းပြည်အတွက် ကိုယ်ကျိုးတွေ ဘဝတွေ စွန့်ထားတဲ့ မြဝတီမယ်တော်ဆေးခန်း၊ ကိုရီးယားကျောင်း၊ ဒုက္ခသယ်စခန်း နှင့် မဲစောက်မြို့မှာရှိတဲ့ မြန်မာကျောင်းသား၊သူ များ
-ဂေါ်ကီရဲ့ သူရဲကောင်းအမေ
-တော်လှန်ရေးသမား မင်းဆွေပြောတဲ့စကား
== ကိုယ်ကျိုးအတွက် နိဗ္ဗာန်သို့ မရောက်လိုပါ
အများအကျိုးသယ်ပိုးရင်း သံသရာ၌ကျင်လည်ရပါလို၏== တဲ့။



ကဲ...နောက်ဆုံးတော့ စာရေးဆရာမ ဂျူးပြောသလို သူရဲကောင်းတွေမများလွန်းဘူးလား လို့ဘဲ အော်ဟစ်မေးလိုက်ချင်ပါတော့တယ်။

Saturday 13 January 2007

stress relief - made simple




Get out of stress, this book suggest you to do

1. good thinking ( positive thinking )
2. realized ' low self-esteem' and never accept that
3. quieten your mind
4. affirmations about yourself (eg. i'm in control of my life)
5. get organized (eg. money management, time management)
6. good support ( no man is an island)
7. assert yourself
8. less work, more play
9. healthy eating
10. stress-fighting supplements
11. bad-habit busters (smoking, alcohol, caffeine )
12. get fit, fight stress
13. mind-body therapies
aromatherapy
crystal clear
healing hands (massage)


now....totally relaxed.
life is great right now.
energy is flowing through.

စိတ္တရလေခါ

ကမ္ဘာလောကမှာ မကောင်းမှု ဆိုတာ ဘာမှမဟုတ်ဘူး။ မကောင်းမှုဆိုတာ လူ့အမြင်တဦးနဲ့တဦး မတူခြင်းရဲ့ အခြားအမည်နာမဝေါဟာရ စကားလုးံမျှသာ ဖြစ်တယ်။ လူတိုင်းလူတိုင်းဟာ စိတ်ထားတမျိုးစီ တမျိုးစီနဲ့ မွေးဖွားပေါ်ပေါက်လာကြတယ်။ လူတိုင်းလူတိုင်းဟာ ဒီကမ္ဘာလောကဇာတ်ခုံပေါ်မှာ ကိုယ်အခန်း ကိုယ်အကွက်ကို ကပြအသုးံတော်ခံဖို့ရောက်လာကြတယ်။ မိမိရဲ့စိတ်ဓာတ်က လှုံ့ဆော်တဲ့အတွက် သူတို့ဟာ မိမိတို့ရဲ့အခန်းကို ထပ်ခါ ထပ်ခါ ကပြအသုံးတော်ခံကြတယ်။ လူဘဝဆိုတာ အဲဒါပဲ။ လူလုပ်တဲ့အရာဟူသမျှဟာ သူစိတ်သဘော အရသာဖြစ်တယ်။ သူစိတ်သဘောဟာလဲ ပတ်ဝန်းကျင်သဘာဝ အတိုင်းပဲ။ လူဟာမိမိရဲ့အရှင်သခင် မဟုတ်ဘူး။ပတ်ဝန်းကျင် အခြေအနေရဲ့ ကျေးကျွန်ဖြစ်တယ်။ ပတ်ဝန်းကျင် အခြေအနေရဲ့ လက်အောက်ခံဖြစ်တယ်။လူဟာပြုလုပ်သူမဟုတ်ဘူး။ ပြုလုပ်ရာ ပြုလုပ်ကြောင်း ကိရိယာတန်ဆာပလာမျှသာ ဖြစ်တယ်။ ကဲ အဲဒီတော့ ကောင်းမှု မကောင်းမှုဆိုတာ ဘယ်မှာလာပြီး ရှိနိုင်ဦးတော့မှာလဲ။

လူမှာ ငါစွဲဟာ အဓိကဖြစ်တယ်။ လူတိုင်းလူတိုင်း ချမ်းသာသုခကို လိုလားကြတယ်။ ချမ်းသာသုခ ထင်မြင် ယူဆချက်ကတော့ တဦးနဲ့တဦး မတူကြဘူး။ တချို့က ချမ်းသာသုခကို ဥစ္စာဓန မှာတွေ့ကြတယ်။ တချို့က ချမ်းသာသုခကို သေရည်သေရက်မှာတွေ့ကြတယ်။ တချို့က ချမ်းသာသုခကို ကာမဂုဏ်လိုက်စားပျော်မြူးခြင်းမှာ တွေ့ကြတယ်။ တချို့က ချမ်းသာသုခကို စွန့်လွှတ်ခြင်းမှာ တွေ့ကြတယ်။ ကမ္ဘာလောကမှာ ဒုက္ခတွေ့မယ်ဆိုရင် ဘယ်လိုအရာကိုမှ ကိုယ်စိတ်သဘောနဲ့ ပြုလုပ်တဲ့ ပုဂ္ဂိုလ်ရယ်လို့ မရှိဘူး။ အဲဒါလူ့စိတ်သဘောပဲ။ လူရဲ့အမြင် တဦးနဲ့တဦး မတူညီခြင်းဘဲ။
ဒါကြောင့်မို့ ကမ္ဘာလောကမှာ မကောင်းမှုရဲ့ အနက်အဓိပ္ပာယ်ကို တမျိုးတည်း ဖွင့်လို့ မရဘူး။ ငါတို့ဟာ မကောင်းမှုကိုလဲ လုပ်တာမဟုတ်ဘူး။ ကောင်းမှုကိုလဲ လုပ်တာမဟုတ်ဘူး။ ငါတို့မလုပ်မဖြစ်တဲ့ အလုပ်ကိုသာ လုပ်ရခြင်းဖြစ်တယ်။

။။။ ပါရဂူ ရဲ့ အောင်မြင်လှတဲ့ စိတ္တရလေခါ ဖြစ်သလို အိန္ဒိယရဲ့ ကျော်ကြားလှတဲ့ ဒသနအတွေးတွေလည်း ဖြစ်ပါတယ်။။။

Wednesday 10 January 2007

တစ်ခုသော april 30

coffee အတူတူ တစ်ခေါက်လောက်သောက်ချင်တယ်
ပြီးတော့ စကားတွေလည်းပြောကြတာပေါ့
မိုးလေဝသအခြေအနေ ဘယ်လိုလဲ??
ရောဂါဘယတွေရော ကင်းရဲ့လား??
အရင်ကလို air-con bus တွယ်စီးတုန်းလား??
သံစဉ်တွေနဲ့ melody သူတို့တွေရော တည့်ကြရဲ့လား??
ဒါမှမဟုတ် စကားမပြောချင်ရင်လည်း
လက်သည်းထိုင်ညှပ်နေလိုက်ပေါ့
အဓိက ကတော့ရင်ချောင်ဖို့လိုတယ်လေ
အခုလိုမြုံထားရပုံမျိုးနဲ့ဆိုရင်
ရင်ဘတ်အောင့်ပြီး သေလောက်တယ်
ဘာပဲဖြစ်ဖြစ်
နောက်တစ်ခေါက် ထပ်ဝေးကြစို့ရဲ့.............



2004 တုန်းကရေးထားတဲ့ ကဗျာအဟောင်းလေး တစ်ပုဒ်ပါ
စာအုပ်တွေရှင်းရင်း ပြန်တွေ့လို့
ဘယ်လိုပဲဖြစ်ဖြစ် အမှတ်တရ ပေါ့




testing myanmar font

မြန်မာ font ကိုစမ်းနေတာကြာပါပြီ. blog စရေးတဲ့နေ့ထဲကပါ.
ကြိုးကြိုးစားစား alpha zawgyi unicode ပို့ပေးတဲ့ နေနေကိုလည်းကျေးဇူးတင်ပါတယ်
ဒါပေမဲ့လည်း စာလုံးတွေမပေါ်လာဘဲ လေးထောင့်ကွက်လေးတွေချည်းပဲ ပေါ်နေပါတယ်
k nyi lynn seck ရဲ့ blog ထဲက ' can't you see myanmar fonts in comment ကိုဖတ်ပြီး သူပြောတဲ့အတိုင်းလေးပြင်လိုက်တော့မှ အဆင်ပြေသွားတော့တယ်..ကျေးဇူးပါ

Tuesday 9 January 2007

law without a lawyer


basic knowledge about ' law in england'
just wanna recommand everybody to read once to know basic law of the country you live in.
especially we foreigners should learn about it, otherwise we always get lost.
my experience, i lost my deposit two times from ' letting'.
plus one of my friends got injury at working place but the employer didn't want to give the injury paid.. so simply ' suck'...
legally, right to sue the employer for unfair dismissal plus compensation.
to avoid these kinds of unfair things happen,
at least we should know about what the law says.

Saturday 6 January 2007

academy kyi kyi htay (aka) marlaryee



retold biography of ' academy kyi kyi htay'
lighting the bright and dark side of kyi kyi htay' life
she' the one - the magic actress
one side - famous actress, unbeatable celebrity
another side- unsuccessful marriage life
powerful flame in movie industry but loser in marriage industry
sometimes, life is more miserable than could expect


here, i have to thank my husband of being him.
really blessed of having such a wonderful husband who always understand and care alot.

short stories!!


nice collection of her short stories
presenting 10 stories and all perfect
but ' the rain '.... the best.

Monday 1 January 2007

happy new year




wish up
build up
the prosperous year...

another year has gone by

CELINE DION LYRICS
"Another Year Has Gone By"


So many 25th's of December
Just as many 4th of July's
And we're still holding it together
It only comes down to you and I

I know you can still remember
Things we said right from the start
When we said that this could be special
I'm keeping those words deep down in my heart

Another year has gone by
And I'm still the one by your side
After everything that's gone by
There's still no one saying goodbye
Though another year has gone by

I never been much for occasions
You never let another birthday go by
Without announcing how much you love me
But the truth was always there
Right there in your eyes

And we're still holding hands when we're walking
Acting like we've only just met
But how can that be - when there's so much history
I guess that's how true lovers can get

Another year has gone by
And I'm still the one by your side
After everything that's gone by
There's still no one saying goodbye
Though another year has gone by

Another year has gone by
And I'm still the one by your side
After everything that's gone by
There's still no one saying goodbye
Though another year has gone by

http://www.bbc.co.uk/comedy/littlebritain/